ကောင်းကင်ယံမှာ

လမင်းဆိုတာ တစ်စင်းတည်း။


ကြယ်တွေ

သူ့အလှတရားမှာ ဒူးထောက်ခစားလို့။


(၂)

ကျောင်းသွားကျောင်းပြန်

ပန်းပွင့်အနီ ၊ ဆံနွယ်စအညို ၊ ယဉ်တစ်ကိုယ်…

ကိုယ်နေဟန်ကျော့ကျော့ ၀င်းပသူ။


သံသရာအဆက်ဆက်

ဆုတောင်းတိုင်းပြည့်လေသူ။


မိုးအောက်မြေပြင်မှာ

အချစ်ရဆုံးက သူတစ်ယောက်တည်း။


ကိုယ့်

နှလုံးသားနဲ့ ခစားမိပါတယ်

သစ္စာတရားနဲ့ ဒူးထောက်မိပါတယ်။   ။

ဘုန်းနေသွန်း

၂၀၀၅