You are currently browsing the daily archive for October 14, 2009.


အချစ်ဆိုတာ

ကမ္ဘာဦးကတည်းက ရုံပြည့်ခဲ့တဲ့ရုပ်ရှင်ပဲ

မင်းအသံထွက်နဲ့ငါ

မင်းမျက်ဝန်းတွေထဲ

ငါ့မျက်ဝန်းတွေ စိုက်ကြည့်မိတဲ့အခါ

မင်းဆံနွယ်တွေကို တိတ်တိတ်ခိုးခိုးငေးကြည့်မိတဲ့အခါ

မချည်ပဲတင်းတဲ့ကြိုးဟာ ဘယ်ရင်ကလဲ

ငါက

ပွဲပြီးပေမယ့် မီးမသေခဲ့တဲ့ကောင်ပါ ဖြူဖြူဇော်ရယ်

လူအဖြစ်မှာ ငါတို့ဆုတောင်းမှားကြတယ်

ကံသုံးပါးနဲ့ ချစ်ခဲ့သမျှ

မင်းလေးရဲ့ ဥပေက္ခာ

စွယ်တော်ရွက်လို တူနှစ်ကိုယ်ဘဝလေး ခြေဦးတည့်ရာ

တစ်သက်စာ

ကိုယ့်ဒဏ်ရာကိုယ် ကြိုးညှိတဲ့အခါတိုင်း

ကြယ်တွေဟာ မင်းဖြစ်သွားတော့တယ်။     ။


ဘုန်းနေသွန်း

သရဖူမဂ္ဂဇင်း၊ ၂၀၀၅


<span

အချစ်ဆိုတာ

ကမ္ဘာဦးကတည်းက ရုံပြည့်ခဲ့တဲ့ရုပ်ရှင်ပဲ

အသည်းကွဲဂစ်တာ က ဒီလိုမြစ်ဖျားခံတယ်။

ဖြူဖြူဇော်ရယ်.

အနာတရဆိုတော့လည်း

လက်ခံထားသလောက်လေးလံရတာပေါ့၊

ကျောင်းသွားကျောင်းပြန်မျက်ဝန်းတွေ

မိန်းမစီးဘီးအပြာရောင်

ဘယ်လိုမေ့လို့ရမလဲ

အတွေးမှာ

မင်းဆံနွယ်တွေသုံးလွန်းတင်လို့

သုံးရောင်ခြယ်

မင်းမသိတဲ့အိပ်မက်အပြာလေး

သန်းခေါင်က ငါ့အတွက်ပိုနက်တယ်။

နင်ရယ်

ခဏဖြစ်ဖြစ်

ငါ့အိပ်မက်တွေကို ဖြန့်ကြည့်စမ်းပါ

ငါ့ကမ္ဘာမှာ နင့်ကိုယ်ငွေ့လေးတွေ့ရမယ်

ငါ့ကဗျာမှာ ငါ့သစ္စာတရားကို မြင်ရမယ်။

လပြည့်လကွယ်

ငါဟာ အလင်းဆွံ့အ,ပိုးစုန်းကြူးပါပဲ

ငါဟာ လမ်းမရှိတဲ့ ကဗျာဆရာပါပဲ။

အိပ်မက်တွေ တစ်ခါသေဆုံးတိုင်း

ငါ့

အရိပ်မရှိတဲ့ နွေမှာ

သစ်ရွက်ကြွေကို လွမ်းရမှာလားမိဖြူဇော်ရယ်.

ကာလသုံးပါးမှာ

ကံသုံးပါးနဲ့ မင်းကိုချစ်ခဲ့တယ်။

လရောင်လို

ဖမ်းဆုပ်လို့မရနိုင်အတွေးများ

ငါ့အတွက် အသည်းကွဲတစ်ဆင်စာ

ငါ့ဂူတံခါးက မင်းမန္တာန်နဲ့မှ ပွင့်ရမှာပါ ဖြူဖြူဇော်ရယ်။

ခု

မင်းရင်ထဲက ပိုးတုံးလုံးတွေ လိပ်ပြာဖြစ်လာမယ့်နေ့

ငါပစ်ဖဲစောင့်နေတယ်

ငါ့ရင်ပိတ်ကားပေါ်

မင်းအကြောင်းလေး ရုံတင်လို့ထားတယ်။

ကျေးဇူးပြု၍

ငါ့ရင်ဘတ်ပေါ် ကမ္ဘာဖျက်မိုးမညိုလိုက်ပါနဲ့

ကမ္ဘာဖျက်မိုး မသည်းလိုက်ပါနဲ့

မိညီမလေး။       ။


ဘုန်းနေသွန်း

သရဖူမဂ္ဂဇင်း၊ ၂၀၀၅

ပြက္ခဒိန်

October 2009
S M T W T F S
 123
45678910
11121314151617
18192021222324
25262728293031

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 7 other subscribers

ကဗျာ.. ခင်ဇော်မြင့် ချယ်ရီ ခွဲခွါ ဂျွန် စကားပြေ စွဲစွဲလမ်းလမ်း ဆုံးရှုံးခဲ့ဘူးတယ်... ဆွတ်ပျံ့ဖွယ်အောင် ဇွန် ညီမလေး ညနေ တိတ်တခိုး တိုးနှောင်မိုး တမြေ့မြေ့ ထားခဲ့တဲ့အတိုင်း ဒီဇင်ဘာ ပန်းချီ ပိုင်မင်းဦး ပျားရည် ပျားရည်အိမ် ပွင့်ဦး ပွဲတော်ည ဘုန်းနေသွန်း ဘုန်းနေသွန်းရဲ့ ကဗျာ ဘုန်းနေသွန်းရဲ့ ကဗျာ မင်းစိုးရာ မိဆိုး မိုးတွေ ညို့နေပြီ မီမီ မျက်ရည်အိမ်ယာ ရင်ကွဲနာ လင်းဆက်နောင် လွမ်းသူ လွမ်းစေတီ လွမ်းတေး ဝဿန္တ သတိတရ သတိရခြင်းအလျား သီချင်း သီတင်းကျွတ် သုမင်းညို သူရနီ အချစ်အကြောင်း အစိမ်းသေ အမှတ်တမဲ့...နှင်း အမှတ်တမဲ့ နှင်း အလွမ်းသီချင်း အုံ့ပုန်း ဆောင်း နေ့များ မေစု မောင်ဘုန်းရဲ့ ကဗျာ အေဒင် အောင်ပိုင်စိုး အောင်ရင်ငြိမ်း ဖြူပြာပြာ ဖြူဖြူဇော် မြစ်ဆိပ် မြတ် ကြယ်လွဲမိုး နွယ်စိမ်းဝေ နှင်း