အလွမ်း

မကျန်းမာတော့မှ
ကျန်းမာရေးရဲ့ တန်ဖိုးကို ပိုနားလည်သလိုမျိုး
မပြည့်စုံတော့မှ
ပြည့်စုံခြင်ရဲ့ အဓိပ္ပါယ်ကို ပိုသဘောပေါက်သလိုမျိုး
မမြင်၇တော့မှ
သူ့မျက်နှာလေးကို ပိုမြင်ချင်နေမိတယ်
ညနက်လေ ပိုလင်းလေလား
အမှောင်ရဲ့
ဖိအားမှာ
အေ၇ာင်ပိုထွက်နေသောကြယ်တွေ ။ ။
နွယ်စိမ်းဝေ
အင်တာနေ၇ှင်နယ် မဂ္ဂဇင်း။ မတ်လ ၂၀၀၉

ပါပီလွန်

သမုဒ္ဒရာကြီးထဲမှာ
မပြောပလောက်တဲ့ ကျွန်းကလေးတစ်ကျွန်း
အဲဒီ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ
အပ်ဖျားတစ်ထောက်စာ အစက်ကလေးတစ်စက်
အဲဒီအစက်လေးထဲမှာတော့
စကြ၀ဠာထက်ကြီးတဲ့
အလျှံရဲရဲ လွတ်မြောက်လိုစိတ်တွေ။ ။
နွယ်စိမ်းဝေ
နွယ်နီမဂ္ဂဇင်း

ထင်းရှူးပင်၊ အေးမြမှုတွေနဲ့ ဆောင်းမနက်ခင်းတွေကို ဝိုင်ပုလင်းထဲ ထိုးသိပ်ထည့်ထားတဲ့ တောင်ပေါ်မြို့ လေးက ကဗျာဆရာ ကိုနွယ်စိမ်းဝေကို ခေတ်ပေါ်ကဗျာကို ချစ်မက်တဲ့သူတိုင်း သိကြမှာပါ။ ခုကိုနွယ်စိမ်းဝေက သူ့ရဲ့  ကဗျာတွေကို ဘလော့ခ်လေးတစ်ခုလုပ်ပြီး တင်ထားပါတယ်။
အဲဒီတောင်ပေါ်မြို့ သားကဗျာဆရာရဲ့  ခေတ်ပေါ်ကဗျာများကို http://www.nweseinwai.wordpress.com မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း။