အဲဒီိတုန်းက
ရွာမည် ဟန်ပြင်သောမိုးကို
ကျောပိုးအိတ်ထဲ ကောက်ထည့်လို့
စိတ်ကစားတတ်သော သစ်ရွက်
မီးလျှံလို
ရင်ကို လာလာဟပ်သော ကျောင်းခေါင်းလောင်းသံ
ငါတို့ငယ်ဘဝလေးမှာ နှင်းတွေဝေနေတုန်းလား
လျှောက်နေကျလမ်းကလေးမှာ
သစ်ရွက်တွေ
အရင်လို ကြွေနေတုန်းပဲလား
သြော်…
ငါတို့က သဘောင်္သား ဆင်းဘတ်တွေပါ
ဝေးကွာခြင်းက ငါတို့နောက်ကျောမှာ
သမုဒယတနင့်တပိုးနဲ့
မုတ်ဆိပ်ဖြူအဖိုးအိုကြီးပါ
ငါတို့ ကမ်းခြေက
သစ္စာတရားသဲအိမ်လေးလည်း
မျက်ရည်စတို့ စွတ်စိုနေဦးမှာ။ ။
ဘုန်းနေသွန်း
Advertisement

1 comment
Comments feed for this article
February 15, 2011 at 6:39 am
မမသီရိ
ချစ်စရာ နူးညံ့လှပ လွန်းတဲ့ကဗျာကလေး
နှင်းကြွေတွေ စေတတ်တဲ့ ကဗျာဆရာလုင်လေး ရေ
ငယ်ကအချစ် အနှစ်တရာ မမေ့သာ တဲ့အကြောင်း
လွမ်းမော မိခဲ့ပါတယ် ..
ကိုယ့်မှာရော အဲသလောက် လွမ်းမောဖွယ်ကလေး
ကျန်သေးသလား ပြန်စဉ်းစား ရင်းနဲ့ ပေါ့..
ပြီးတာနဲ့ မီမီ ကဗျာ ကလေး ပြေးပြီးပြန်ဖတ်ခဲ့သေးတယ် ဝေ့ နော်.း)..
မဂ္ဂဇင်း တွေ ထဲ ကဗျာအဟောင်းကလေးတွေ ပါ ပြန်တင်အုံး