You are currently browsing the tag archive for the ‘အေဒင်’ tag.
ကောင်းကင်ပေါ်
မင်းပန်ထားတဲ့ ပန်းတွေပစ်တင်လိုက်
ပြန်ကျလာမှာ ငါ့သစ္စာတရားပဲ
နေပူမရှောင် မိုးရွာမရှောင်
ငါတို့တောက်ပခဲ့တာ အချစ်ပဲ
အချစ်ရယ်….
အချစ်ကို ရတနာလိုဆင်မြန်းပြီးမင်းပြုံးပါ
ငါ့နှုတ်ခမ်းတွေကို ပျားရည်လိုမင်းချိုပါ
ငါ့သစ္စာတရားကို
ဘုရားသခင်လို မင်းယုံကြည်ပါ
ဒါ
ငါတို့အတွက် မဆုံးနိုင်တဲ့
နှစ်ယောက်ကမ္ဘာ။ ။
ဘုန်းနေသွန်း
၂၀၀၆
ရှားရှားပါးပါးရေးဖြစ်တဲ့ အချစ်ကဗျာပါ။ ကဗျာထဲမှာပျော်ရွှင်စရာကောင်းပေမယ့် ဒါဟာကဗျာထဲမှာပဲရှိမှာပါ။ တကယ့်လောကမှာရော….
လောလောလတ်လတ် ဝေဖန်စကားများ