You are currently browsing the tag archive for the ‘လင်းဆက်နောင်’ tag.
် ဘယ်သူမှမရှိတဲ့ ခြောက်ကပ် တိတ်ဆိတ် အခန်းထဲ
ငါရှိနေတယ်
အသက်ရှုနေသေးလို့
ငါရှိတာကို သိတာပါကွာ ။
မုန်းတီး နာကျည် ပေမယ့် စွဲမက်နေဆဲ
တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်တွေလေ
နေ့စဉ်ရက်ဆက် ငါ့ကို ရက်စက်ခဲ့တာပေါ့
အခါးသီးဆုံး အချိန်ကာလတွေအတွက်
လိုအပ်ချက်ဟာ နူးညံ့ကြင်နာမှုအပြည့်နဲ့
ဘယ်သူမှမရှိတဲ့
ငါ့အခန်းလေးရဲ့အပြင်မှာ
အနီရောင်စိန်ပန်းတွေ ကြေကြေကွဲကွဲ ပွင့်ဝေ ။ ။
လင်းဆက်နောင်
ပန်းကလေးတွေ လန်းပွင့်နေပုံကအစ
စိတ်ကျစရာပဲ။
ဒီနေ့လား
မနက်ဖြန်လား
မင်းပြန်လာမှာလား
ငါ့နေရာမှာငါအံမ၀င်တော့ဘူး
ငါ့နေထိုင်မှုမှာငါမပျော်ရွှင်တော့ဘူး
ဆူညံခြင်းရဲ.တစ်ဖက်မှာ တိတ်ဆိတ်
ရင်ခုန်ခြင်းရဲ.တစ်ဖက်မှာ………
ဘာကိုမှလည်းမတွေးချင်တော့ပါဘူးကွယ်။
ငါ့အသံကိုငါမမှတ်မိတော့ဘူး
ငါ့နာမ်ကို ငါမထိန်းချုပ်တော့ဘူး
လှိုင်းတွေလိုနိမ့်ခြင်းမြင့်ခြင်း
ရှင်လျှက်နှင့်သေဆုံးခြင်းကို
မျက်ဝါးထင်ထင်
ကိုယ်တွေ.ဖြစ်ရပ်ဆန်းကြယ်
သတိရနေတယ်……..။ ။
လင်းဆက်နောင်
ဝင်ရောက်လာပုံ ညင်သာ
ချောက်ကမ်းပါးစွန်းမှာ ရပ်နေမိသလိုပါ။
တစ်ခုခုကိုလိုချင် ၊ တစ်ခုခုကိုစိုးရွံ့
မနက်ဖြန်တွင် မင်းရှိနေမှာလား။
အမြင်အာရုံတို့ရဲ့ မမြင်နိုင်ရာ
လေတိုးသံကလေး
မကြားနိုင်ပေမယ့် ခေါ်ကြည့်နေမိတယ်။
ရင်နာစရာဆိုတာထက်ရင်နင့်နေတဲ့ တိမ်ကလေး
ပွဲလမ်းသဘင်ပြီးသွားတဲ့အပြန်လမ်း
မှောင်နေတဲ့ကမ္ဘာ ပျောက်နေတဲ့အိမ်
ခေါ်ဆောင်သူမဲ့ ကြိုသူမဲ့ အနုပညာမဲ့
ဘာမှမရှိရှာတဲ့
ညခင်းလေးထဲ တိုးဝင် ပျောက်ကွယ်
တစ်ခုခုကို လွမ်းနေပါတယ်။ ။
လင်းဆက်နောင်
(ရုပ်ရှင်အမြုတေ မဂ္ဂဇင်း၊မတ်လ၊၂၀၀၉။)
လောလောလတ်လတ် ဝေဖန်စကားများ