You are currently browsing the tag archive for the ‘ပျားရည်’ tag.
သတိရတာထက် ပိုပြီးသတိရတဲ့ညပါ
သတိတရစိတ်က တစ်ပင်လုံးပွင့်ဝေလို့
ကြိုးပြတ်သွားတဲ့ လေတံခွန်လေးကို
နှလုံးသားနဲ့ ရစ်ယူမိတယ်
တကယ်ဆို
သူ့အပြုံးလေးတစ်ချက်က အစ
အပြစ်ကင်းစင်တဲ့ သနပ်ခါးနံ့လေးအဆုံး
ရင်ကို အသိမ်မွေ့ဆုံး ညှို့ယူလို့
သူ့ရဲ့ဆံနွယ်တွေသာ
ကိုယ့်ညတွေမှာ ရစ်ပတ်တွယ်နှောင်လို့
သူ…. မသိတဲ့ ကဗျာ
သူ့မျက်ဝန်းလေး ညှို့ပြာရီ
ကိုယ့်အလွမ်းနဲ့သာ ကမ္ဘာတည်တော့။ ။
ဘုန်းနေသွန်း
Fashion Image Magazine; 2007
ညထက်ပိုနူးညံ့တဲ့ ညပါ
အလွမ်းဟာ မျက်တောင်ဖျားမှာ စိုစွတ်လေးလံလို့
သူ့စိတ်နဲ့ အဆုံးအစမရှိတဲ့ ကဗျာ
တိတ်တခိုး
သစ္စာတရားနဲ့ အကြိမ်ကြိမ်ရွတ်ဆိုမိခဲ့ အပြာရောင်
အထီးကျန်
အသိမ်မွေ့ဆုံး လရောင်မှာ
နာစရာရှိရင် လွမ်းစရာနဲ့ ဖြေသိမ့်တတ်တဲ့ကောင်ပါ
ကိုယ့်ရဲ့ကြယ်ပြာလေးသာ
သူ့ညတွေမှာ ပိတ်မိနာကျင်လို့။ ။
ဘုန်းနေသွန်း
၂.၇.၂၀၀၉
လောလောလတ်လတ် ဝေဖန်စကားများ