မီးခလုတ်ကို ဖွင့်လိုက်တော့
အလွမ်းက ပွင့်လာတယ်
အရိုးထိအောင် ဝေးကွာခြင်းမှာ
နှစ်ယောက်အသံတွေ ပြာနှမ်းခဲ့ပြီလား။
သတိရတိုင်း အခါခါ ဆေးထိုးမှားတယ်
သစ်ကိုင်းထက်မှာ
သီချင်းက ငှက်ကလေးကို ပြန်ဆိုလို့။
အတွေးထဲ
မင်းအကြောင်းလေး လေလိုလွင့်နေ
မင်းစိတ်ကူးလေး ငါပြန်ကြားနေ။
မျက်ရည်ကို ဖွဲ့ ဆိုလို့ရမလား
အလွမ်းမှာ စွန်းထင်းနေတိမ်စိုင်များ
သံသရာမှာ
သစ်ရွက်တွေအဆက်ဆက်ကြွေတယ်
သူ့
မျက်ဝန်းတွေကို မေ့လို့မရဘူး။ ။
ဘုန်းနေသွန်း
၂၀၀၄
2 comments
Comments feed for this article
August 19, 2010 at 9:11 am
မမသီရိ
မီးခလုတ်ကို ဖွင့်လိုက်တော့
အလွမ်းက ပွင့်လာတယ်
ကော်ဖီတခွက် သောက်မိတော့
အလွမ်းက ချိုနေတယ်
မနက်ခင်းစောစော မှာ
အလွမ်း က လန်းနေတယ်
ညခင်းနက်နက်မှာ
အလွမ်းက လင်းနေတယ်..
…………….
ကဗျာလေးက လွမ်းစရာကောင်းနေတော့
ကိုယ်တိုင်လဲ လွမ်းတတ်သူမို့
ရေးချင်တာတွေ ထပ်ရေးသွားတယ်
လွမ်းတာလေးနဲ့တော့ ဆေးထိုး မမှားပါစေနဲ့ လေ
August 24, 2010 at 8:23 am
thetsonehnin
အကိုရေ….ဒုတိယအကြိမ်လာဖတ်သွားတယ်။ ကူးလည်းသွားတယ်။ 🙂