ညတာရှည်တဲ့ညတွေတိုင်း

မင်းရယ်သံလေးကြားရတာကိုက

ငါ့အဓိပ္ပါယ်

အရောင်ပျက်နေတဲ့ကြယ်ကလေးကအစ

မင်းဆံနွယ်တွေထဲ မလွတ်မြောက်နိုင်

မျက်ညိုဝန်းကလေး

မှော်ရုံတစ်ခုစာ အလွမ်းတွေပေးခဲ့လေတယ်

ကြာပွင့်တွေကြားမှာ နွံဟာရှင်သန်ပါ့မလား

ဇာတ်လမ်းက

သံသရာလို အဆုံးမသတ်နိုင်

မျက်ဝန်းတစ်ခုရဲ့အလျား….

ဘယ်လိုမျက်ရည်နဲ့ တိုင်းရမလဲ

သည်မှာ ၊ မင်းအကြောင်းတွေးပြီး ကမ္ဘာတည်မယ်

မင်းအကြောင်းရေးပြီး သေရာပါမယ်

အရင် နှစ်ယောက်လမ်းဟောင်းလေးပေါ်

ခု၊  ငါတစ်ယောက်တည်းလျှောက်လို့

အလွမ်းရယ်….

ရင်ခွင်တစ်ခုလုံး မဆန့်တော့

ကျင်လည်ရာအဆက်ဆက် ဆွေးရလေတယ်။    ။

ဘုန်းနေသွန်း

၂၀၀၅ ၊ ဖေဖော်ဝါရီ

Advertisements