ကိုယ့်စိတ်ကိုယ်မြဲအောင်ရှုတော့

မင်းရယ်သံလေးကြားရတယ်

အလွမ်းက

တောမီးလို ပျံ့နှံ့လို့

သစ်ကိုင်းမှာ ငြိနေတဲ့ လရောင်လေးကအစ

သံသရာအဆက်ဆက်မစိမ်းလန်းနိုင်

ဘာကြောင့်များတို့ဝေးခဲ့ရသလဲ

သတိတရစိတ်က ရိုင်းစိုင်းလွန်းတယ်

ညည ၊ ကဗျာရေးလို့မရတဲ့အခါ

မင်းနာမည်လေး တဖွဖွရွတ်ဆိုမိတယ်

အပြင်မှာ သစ်ရွက်တွေက တစ်ငွေ့ငွေ့  ပဲ့ကျလို့

နှစ်ယောက်အိပ်မက်တွေ

အလင်းနှစ်သန်းပေါင်းများစွာ ခြားနားလို့

မင်းနဲ့အဝေးမှာ ငါ့နှလုံးသားရှိမယ်

အိမ်ကိုလည်းမလာဘူး

လမ်းမှာတွေ့လည်း မခေါ်ဘူး

မျက်ညိုဝန်းကလေး

ကြယ်ကြွေတိုင်း ၊ ငါဟာဆုတောင်းမှားခဲ့လေတယ်။     ။

ဘုန်းနေသွန်း

၂၀၀၅

Advertisements