သွေးထဲ တဒုတ်ဒုတ်ခုတ်မောင်းနေတာ
တိတ်ဆိတ်မှုဟာ နေရာအနံှံ့အပြား တရှိန်တိုး … ရှေ့သို့
တစ်ယောက်ရဲ့ဖြစ်တည်မှုဟာ အခြားတစ်ယောက်အပေါ် ပြိုကျနေတယ်
“ချစ်တယ်ကွယ်”
လွယ်လွယ်ပြောမထွက်ချင်ပေမယ့် ပြောခဲ့တော့မယ်
မင်းမျက်ဝန်းမှာ မျက်ရည်စတွေ စိုလဲ့လို့
မျက်ရည်တစ်စက်ချင်းမှာ ငါဟာပျော်ဝင်နေတယ်
အဓိပ္ပါယ်မဲ့ နံရံကိုငေးနေမိတယ်
သွေးရူးသွေးတန်း အတွေးတွေ လွင့်စင်ပွင့်ထွက်နေတယ်
လွတ်လပ်မှုကို ချုပ်နှောင်ထားရတဲ့ စိတ္တဇ
မျက်ရည်တသွင်သွင်ကျနေတဲ့ မင်းကိုသနားမိတယ်
ရူးတော့မယ်ထင်ပါရဲ့
တိတ်တဆိတ် ငါတို့နှစ်ဦး … ရှေ့သို့
တရွေ့ရွေ့၊တဖြည်းဖြည်း၊နစ်ကျွံ ပျော်ဝင်လို့
မင်း မပြောပေမယ့် မင်းစကားသံလေးကို ငါမြိုချမိတယ်
မင်း မငိုကြွေးပေမယ့် မင်းမျက်ရည်စတွေကို ငါဖယ်ရှားသန့်စင်နေမိတယ်
ပတ်ဝန်းကျင်ဟာ အနာတရအပြည့် တိတ်ဆိတ်လို့
ဘယ်ဘ၀ရောက်ရောက် ဒီဘ၀လေးဆီ ပြန်လာခဲ့တော့မယ်။            ။

အောင်ပိုင်စိုး

ညနေ ၃း၀၀၊ အင်္ဂါ။

Advertisements