လွမ်းတဲ့စိတ်ကို

မီးပုံးလေးလို

ညီမလေးရဲ့   အိမ်ရှေ့ မှာ ချိတ်ဆွဲထားချင်တယ်

လေသင့်ရာ

တိမ်သားပြာပြာက ယိမ်းနွဲ့  လွင့်ပါလို့

ညမွှေးပန်းရနံ့  လေးက လရောင်မှာ ငြိလို့

ဖြစ်နိုင်ရင် နှလုံးသားကို

မီးလှေလေးလို အဝေးကို မျှောလိုက်ချင်တယ်

ဖြစ်နိုင်ရင်

ချစ်ခြင်းမေတ္တာကို ဆီမီးလို ထွန်းညှိပူဇော်ချင်တယ်

ဖြစ်နိုင်ရင်

သစ္စာတရားရဲ့  လက်ဖျံမှာ

မင့်နာမည်လေး ရေးထိုးထားချင်တယ်

ဖြစ်နိုင်ရင်…။       ။


ဘုန်းနေသွန်း

သီတင်းကျွတ်လပြည့်ည။