တိတ်ဆိတ်စွာ…
တလွင့်လွင့် လှုပ်ခတ်နေတဲ့
ဇာပ၀ါ  ခန်းစည်းလေးရယ်…
အမှောင်မလာခင်  အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ…
ညနေတွေ အိပ်မက်ဆန်လွန်း…

အပျော်ရွှင်ရဆုံး  ဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို  ကွယ်ထားလို့မှမရတာ
ရင်ထဲ…
တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ
တယုတယ ချွန်မြနေရတယ်…။    ။

မင်းစိုးရာ

ဖက်ရှင်၊ ၂၀၀၉၊ ဇွန်။


Advertisements