သူ့အကြောင်းတွေးမိတဲ့အခါ

လမင်းကြီးက မီးပုံးလေးဖြစ်သွားပြီး

မီးပုံးလေးက လမင်းကြီးဖြစ်သွားတယ်

အိမ်အပြန် သနပ်ခါးနံ့လေးမှာ

ဆီမီးဝါ၀ါ လရောင်ပြာပြာဇာတ်ဝင်ခန်း

သူ့ဆံနွယ်လေး လေအလွင့်မှာ

ကိုယ့်စိတ္တဇက တငြိမ့်ငြိမ့် ဒေါင်းယာဉ်ပျံ

နောက်ဆုံး

မဟော်ဂနီပန်းပွင့်လေးသာ

တယုတယလေမှာ ချိတ်တွယ်လို့

မေ့ပျောက်လို့ မရနိုင်

နွံ။      ။


ဘုန်းနေသွန်း

၂၀- ၉-၀၉

မိုးလေလဲ ကင်းလွတ်တော့မယ် …သီတင်းလဲ ကျွတ်တော့မယ်….ကျွန်တော့်ကို ဘယ်သူများလာကန်တော့မှာ ပါလိမ့်ဗျာ…  🙂

၂၀၀၄ လောက်က စုံထောက်မဂ္ဂဇင်းမှာ ဖော်ပြပါရှိပြီးသား ရာသီဖွဲ့ ကဗျာပါ…ကျေးဇူးပါ…

Advertisements