………………………………………………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………

……………………………….ကျွန်တော့်မှာ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင်တောင် မနှင်းဆီနာမည်နဲ့နေမှာပါ မနှင်းဆီရယ်။ ဝေးကွာခြင်းဟာ ဟိုးချောက်ကမ်းပါးနက်နက်ထိ ဆွဲခေါ် ညှို့ယူပြီးရင် လွမ်းဆွတ်ခြင်းဟာ ကြိုးစင်ပေါ်မှာ တေးတစ်ပုဒ်ကို သီကျူးနေလိမ့်မယ်။ ခုဆို ဘယ်ပုံဘယ်ခရီးဆက်လို့ ဘယ်လိုအိပ်မက်တွေနဲ့ ခင်ဗျားပျော်မွေ့နေသလဲမနှင်းဆီ။ ခင်ဗျားဘယ်ဆီမှာလဲ မနှင်းဆီ။ ဒီလိုနဲ့ ဘဝဆိုတာနေမညိုခင် မျက်ရည်ဆိုတာ မတိမ်ကောတဲ့ စီးဆင်းမှုပဲလား။

ဟိုမှာ ကြိုးကြာငှက်တွေက ဆည်းဆာကို ရင်နဲ့တိုးဝှေ့ပြီး ပျံသန်းသွားနေကြတယ်။ ဘဝရဲ့ သုခုမတစ်ရပ်လုံးဟာ မနှင်းဆီရဲ့ အပြုံးတွေနဲ့ပဲ စိုရွှဲနေပေါ့။ ရင်ထဲမှာ လှိုင်းတွေက တအုန်းအုန်း….ကမ်းပါးတွေက ပြိုနေတယ်။ မနှင်းဆီက ကျွန်တော့် အချစ်ထဲ ခုန်ချဖို့ ငြင်းဆန်ခဲ့တယ်။ သိခဲ့ပါပြီမနှင်းဆီရယ်။ အချစ်ဆိုတာ လေကလေးတချွန်ချွန်နဲ့ မဟုတ်ဘူးဆိုတာ။

ခေါင်းလောင်းထိုးသံတွေက အက်ကွဲစွာ မြည်နေတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်။ အချစ်ဆိုတာ နောင်နှစ်တွေ အတော်ကြာမှ ပြန်ပြောင်းပြောဆိုရင်း ရယ်မောရတတ်တဲ့ အဆွေးနဲ့ မြေ့မြေ့ ပျက်လုံးတစ်ခုတဲ့။ ကျွန်တော်မရယ်နိုင်ခဲ့ပါဘူးမနှင်းဆီရယ်……………………………………………………………………………………………………………………………………………………………………………………………………………..

စံညိမ်းဦး

မင်္ဂလာမဂ္ဂဇင်း ၊ ၁၉၉၇၊ ဒီဇင်ဘာ။

(ဟိုတစ်လောက စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်တဲ့ မြန်မာအက်ဆေး-၁၀၀ ဆိုတဲ့ စာအုပ်မှာပါတဲ့ ကဗျာဆရာစံညိမ်းဦးရဲ့ အက်ဆေးပါ။ တစ်စိတ်တစ်ပိုင်းလောက်ပဲ ကူးယူပြီးတင်လိုက်တာပါ။)

Advertisements