သိပ်သိပ်သည်းသည်း

တိုးတိုးကလေး ရွာသွန်းနေတာ

ရင်နဲ့အမျှ မလွင့်တလွင့် ဆံနွယ်များရယ်

မျက်ဝန်းဖျားမှာ စိုရုံကလေး သူမသိအောင်ရွာ

ကြယ်မစုံ

လရောင်အပြာလေး တိတ်တိတ်ခိုးခိုးငို

သူထားခဲ့တဲ့နွေမှာ

ရင်ထဲက ဥသြသံကလေး မကျွတ်မလွတ်နိုင်

သူနဲ့အဝေးမှာ

ဒဏ္ဍာရီလို သစ္စာတရားတို့  ရီ….. ရီ….. ဝေ……

နှင်းတွေ

နေရာအဟောင်းလေးမှာ တွေဝေလို့

သမင်ရောင်မျက်ဝန်းလေးသတိရမိတယ်။   ။

ဘုန်းနေသွန်း

သရဖူ။ ၂၀၀၅

Advertisements