အဝေးကို စီးဖို့

မြစ်ရဲ့ခြေအစုံကိုတောင်းပန်

ကောင်းကင်တစ်ခုပြီးတစ်ခုဖတ်ခဲ့

ဘယ်တော့များမှ

ငါ့ရဲ့ကြယ်ကို စိုအောင်ရွာမှာလဲ

စကြာဝဠာကျစ်ဆံမှီးထဲ

ပွင့်ချင်တိုင်းပွင့် ၊လှချင်တိုင်းလှ ကြယ်မလေးရေ

ငါ့ရဲ့ကောင်းကင်လက်တစ်ဆုံးတောင် မင်းပုန်းနေတုန်းပဲလားကွယ့်

အာသီသတွေသာရှိပြီး

သင်ယူလို့မရတဲ့မိုးဟာ ငါပဲပေါ့။     ။

တိုးနှောင်မိုး

ပြည်မြို့သားကဗျာဆရာ ကိုတိုးကြီးကဗျာပါ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကဗျာရွတ်ပွဲတစ်ခုမှာဆုံလို့  ခွင့်တောင်းပြီးတင်လိုက်တာပါ။ ကဗျာကိုအလွတ်ရပေမယ့် ဖော်ပြပါရှိခဲ့တဲ့ စာစောင်နဲ့ ခုနှစ်ကတော့ ထုံးစံအတိုင်းမမှတ်မိတော့ပါဘူး။

Advertisements