ညတွေထဲ

လွမ်းလိုက်တာနှင်း…

မြစ်က ခိုးနားထောင်မှာစိုးလို့

အိပ်မက်တွေ မော့မော့သောက်ရင်း

ရင်ခုန်ဖို့ ထိတ်လန့်နေရသူပါ

မျက်လုံးတွေ မှိတ်မရတဲ့အခါ

အမြဲတမ်းလွမ်းစိတ်နဲ့လောင်

ညစဉ်ညတိုင်း

ခုတင်နဲ့ ကျောနဲ့ကပ်

ဒီလိုနဲ့ဝေးရတော့မှာလား

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ချစ်ခြင်းတွေ

ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ

တကယ်ဆို

ချစ်ကံခေသူရဲ့ နိဂုံးဟာ ဒီလိုပဲ

ခွဲခွာခြင်းကို ဆေးထည့်လို့မရဘူးလားကွယ်။     ။

တိုးနှောင်မိုး

ရနံ့သစ်မှာပါတဲ့ကဗျာပါ။  ခုနှစ်ကတော့ ၂၀၀၁ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Advertisements