ကောင်းကင်ပေါ်

မင်းပန်ထားတဲ့ ပန်းတွေပစ်တင်လိုက်

ပြန်ကျလာမှာ ငါ့သစ္စာတရားပဲ

နေပူမရှောင် မိုးရွာမရှောင်

ငါတို့တောက်ပခဲ့တာ အချစ်ပဲ

အချစ်ရယ်….

အချစ်ကို ရတနာလိုဆင်မြန်းပြီးမင်းပြုံးပါ

ငါ့နှုတ်ခမ်းတွေကို ပျားရည်လိုမင်းချိုပါ

ငါ့သစ္စာတရားကို

ဘုရားသခင်လို မင်းယုံကြည်ပါ

ဒါ

ငါတို့အတွက် မဆုံးနိုင်တဲ့

နှစ်ယောက်ကမ္ဘာ။     ။

ဘုန်းနေသွန်း

၂၀၀၆

ရှားရှားပါးပါးရေးဖြစ်တဲ့ အချစ်ကဗျာပါ။ ကဗျာထဲမှာပျော်ရွှင်စရာကောင်းပေမယ့် ဒါဟာကဗျာထဲမှာပဲရှိမှာပါ။ တကယ့်လောကမှာရော….

Advertisements