သတိရတာထက် ပိုပြီးသတိရတဲ့ညပါ

သတိတရစိတ်က တစ်ပင်လုံးပွင့်ဝေလို့

ကြိုးပြတ်သွားတဲ့ လေတံခွန်လေးကို

နှလုံးသားနဲ့ ရစ်ယူမိတယ်

တကယ်ဆို

သူ့အပြုံးလေးတစ်ချက်က အစ

အပြစ်ကင်းစင်တဲ့ သနပ်ခါးနံ့လေးအဆုံး

ရင်ကို အသိမ်မွေ့ဆုံး ညှို့ယူလို့

သူ့ရဲ့ဆံနွယ်တွေသာ

ကိုယ့်ညတွေမှာ ရစ်ပတ်တွယ်နှောင်လို့

သူ…. မသိတဲ့ ကဗျာ

သူ့မျက်ဝန်းလေး ညှို့ပြာရီ

ကိုယ့်အလွမ်းနဲ့သာ ကမ္ဘာတည်တော့။  ။

ဘုန်းနေသွန်း

Fashion Image Magazine; 2007

Advertisements