စာရွက်အလွတ်တစ်ရွက်ပေါ်မှာ

ပျော်ရွှင်မှုကို လုယူခံရတဲ့ နေ့တစ်နေ့အကြောင်း

စာသားတွေကို ချရေးမိတယ်။

ကြေကွဲမှုက ခွင့်ပြုလိုက်မယ်ဆိုရင်

မြင်ကွင်းတစ်ခုလုံး မှုန်ဝါးသွားစေမယ့်မျက်ရည်…

မမြင်ရတဲ့ အခြားတစ်ဖက်ကို တွေးခေါ်ဖို့

မြင်နေရတဲ့ ရှုမျှော်ခင်းကို အဖြူရောင်ဆေးခြယ်ဖို့

ရှုနေရတဲ့လေမှာ အောက်ဆီဂျင်များဖို့

အေးစက်နာကျင်မှုတွေရဲ့ တစ်ဖက်သတ်အဓိပ္ပါယ်မှာ

ငါဟာ ရန်သူကို နှလုံးသားတစ်ခုနဲ့ပဲ ရင်ဆိုင်တယ်။         ။

အောင်ပိုင်စိုး

မဟေသီ ၊ ၂၀၀၈

Advertisements