ညထက်ပိုနူးညံ့တဲ့ ညပါ

အလွမ်းဟာ မျက်တောင်ဖျားမှာ စိုစွတ်လေးလံလို့

သူ့စိတ်နဲ့ အဆုံးအစမရှိတဲ့ ကဗျာ

တိတ်တခိုး

သစ္စာတရားနဲ့ အကြိမ်ကြိမ်ရွတ်ဆိုမိခဲ့ အပြာရောင်

အထီးကျန်

အသိမ်မွေ့ဆုံး လရောင်မှာ

နာစရာရှိရင် လွမ်းစရာနဲ့ ဖြေသိမ့်တတ်တဲ့ကောင်ပါ

ကိုယ့်ရဲ့ကြယ်ပြာလေးသာ

သူ့ညတွေမှာ ပိတ်မိနာကျင်လို့။    ။

ဘုန်းနေသွန်း

၂.၇.၂၀၀၉

Advertisements