ကောင်းကင်ကို မော့ကြည့်တော့

ကြယ်တွေက

တစ်ညလုံးမတိတ်တဲ့

အသံ

စက္ကူပေါ်

အစွဲအလမ်းဟာလေးလံလို့

လောင်ကျွမ်းဖို့

အစမှာ ဆုံးထားသောအရှိန်

မပြောဖြစ်ခဲ့တဲ့စကား

သူ့ရင်ထဲ မရှိတော့တဲ့

နွေ

သစ်ရွက်ကြွေ လေကစားတော့

စိတ်များမိ

လရောင်ကို အစွန်းမလွတ်သလို ငေးရီလို့

ဓားလို

သစ္စာတရားကို ဆွဲထုတ်လို့

တိတ်တခိုး။    ။

ဘုန်းနေသွန်း

Advertisements