အခု

ငါနောက်ဆုံးရေးဖြစ်တဲ့ကဗျာက

မင်းအကြောင်းတွေဆိုရင်

အံ့အားသင့်နေတဲ့မျက်နှာလေးနဲ့

အရင်လို မင်းရယ်ဦးမှာလား “နှင်း” ။


မင်းရယ်သံတွေလို ၊ မင်းနွေးထွေးမှုတွေလို

ဘာမှ မသေချာတော့သော ငါ့အနာဂါတ်နေ့စွဲများ

မင်းကိုယ်သင်းရနံ့လို

လေလွင့်ပျောက်ကွယ်သွားသော မင်းသစ္စာတရားများ ။


မင်းနဲ့အဝေးမှာ

ငါတစ်ယောက်တည်း

အန္တရာယ်တွေနဲ့ အသက်ဆက် နေထိုင်ခဲ့ရ ။


ညာလက်နဲ့ရေးနေကျ မင်းနာမည်လှလှလေး

ဘယ်လက်နဲ့ပြောင်းရေးရင်

မပီမပြင် အံမ၀င်တော့သလိုမျိုး

လမ်းဟောင်းတွေမှာ

အဆင်မပြမှုမှာ အရာရာဟာလွဲချော် ယောင်မှားလို့ ။


မင်းကိုမေ့လိုက်ဖို့ဆိုတာကလည်း

ခပ်ညံ့ညံ့ ဘောလုံးအသင်းတစ်သင်း

တန်းဆင်းဇုန်မှာ ရုန်းကန် လှုပ်ရှား ရသလိုပါပဲ ။


မေ့ပျောက်ဖို့ ကြိုးစားနေခြင်းက

သတိတရရှိနေခြင်းလို့

ငါ …

ဒီကဗျာနဲ့

နာကျင်စွာ ဘာသာပြန် ဖွဲ့ ဆိုလိုက်ပါတယ် နှင်း ။ ။

သုမင်းညို

Advertisements