You are currently browsing the tag archive for the ‘ကြယ်လွဲမိုး’ tag.

အဝေးကို စီးဖို့

မြစ်ရဲ့ခြေအစုံကိုတောင်းပန်

ကောင်းကင်တစ်ခုပြီးတစ်ခုဖတ်ခဲ့

ဘယ်တော့များမှ

ငါ့ရဲ့ကြယ်ကို စိုအောင်ရွာမှာလဲ

စကြာဝဠာကျစ်ဆံမှီးထဲ

ပွင့်ချင်တိုင်းပွင့် ၊လှချင်တိုင်းလှ ကြယ်မလေးရေ

ငါ့ရဲ့ကောင်းကင်လက်တစ်ဆုံးတောင် မင်းပုန်းနေတုန်းပဲလားကွယ့်

အာသီသတွေသာရှိပြီး

သင်ယူလို့မရတဲ့မိုးဟာ ငါပဲပေါ့။     ။

တိုးနှောင်မိုး

ပြည်မြို့သားကဗျာဆရာ ကိုတိုးကြီးကဗျာပါ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကဗျာရွတ်ပွဲတစ်ခုမှာဆုံလို့  ခွင့်တောင်းပြီးတင်လိုက်တာပါ။ ကဗျာကိုအလွတ်ရပေမယ့် ဖော်ပြပါရှိခဲ့တဲ့ စာစောင်နဲ့ ခုနှစ်ကတော့ ထုံးစံအတိုင်းမမှတ်မိတော့ပါဘူး။

ပြက္ခဒိန်

May 2012
S M T W T F S
« Feb    
 12345
6789101112
13141516171819
20212223242526
2728293031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 5 other followers

Follow

Get every new post delivered to your Inbox.