You are currently browsing the tag archive for the ‘အလွမ်းသီချင်း’ tag.
စိတ်တွေအေးခဲနေပုံက
တစ်နယ်တစ်ကျေးက တယ်လီဖုန်းကို စောင့်ရသလို။
ထိုင်းမှိုင်း ၊ ဆွံ့အ
အပြုအမူထက်မြမှုများနဲ့ ဝေးရာ။
တစ်ကိုယ်စာတောင် ကျဉ်းမြောင်းခဲ့တဲ့နေ့တွေပဲ။
ဝင်သက်ထွက်သက်မှာလည်း
မင်းက အလွတ်ရနေတဲ့အသံ
ကျကျနနအောက်မေ့မှုတွေက
ပြန်မလာတော့မယ့် အငွေ့အသက်ဟောင်းတွေပေါ့။
စိမ်းလန်းရာအရပ်မှာ မင်းတစ်ယောက်ပျော်နေမှာပါ
ကိုယ့်မှာသာ
ခြောက်သွေ့ရင့်ရော်နေတာပေါ့။
ပြောရင်ယုံမလား
စီးနေတဲ့သွေးထဲမှာ
မင်းနာမည်လေးက ကမ္ဘာဦးပုံပြင်ပဲ။ ။
ကေမျိုးငြိမ်း
IDEA magazine,2004
heart magazine က အယ်ဒီတာ ကိုကေကြီးရဲ့ကဗျာပါ။ အေပရယ် ၊ ၂၀၀၄ မှာပါတာဖြစ်ပါလိမ့်မယ်။

လောလောလတ်လတ် ဝေဖန်စကားများ