You are currently browsing the tag archive for the ‘သီတင်းကျွတ်’ tag.
သူ့အကြောင်းတွေးမိတဲ့အခါ
လမင်းကြီးက မီးပုံးလေးဖြစ်သွားပြီး
မီးပုံးလေးက လမင်းကြီးဖြစ်သွားတယ်
အိမ်အပြန် သနပ်ခါးနံ့လေးမှာ
ဆီမီးဝါ၀ါ လရောင်ပြာပြာဇာတ်ဝင်ခန်း
သူ့ဆံနွယ်လေး လေအလွင့်မှာ
ကိုယ့်စိတ္တဇက တငြိမ့်ငြိမ့် ဒေါင်းယာဉ်ပျံ
နောက်ဆုံး
မဟော်ဂနီပန်းပွင့်လေးသာ
တယုတယလေမှာ ချိတ်တွယ်လို့
မေ့ပျောက်လို့ မရနိုင်
နွံ။ ။
ဘုန်းနေသွန်း
၂၀- ၉-၀၉
မိုးလေလဲ ကင်းလွတ်တော့မယ် …သီတင်းလဲ ကျွတ်တော့မယ်….ကျွန်တော့်ကို ဘယ်သူများလာကန်တော့မှာ ပါလိမ့်ဗျာ…
၂၀၀၄ လောက်က စုံထောက်မဂ္ဂဇင်းမှာ ဖော်ပြပါရှိပြီးသား ရာသီဖွဲ့ ကဗျာပါ…ကျေးဇူးပါ…

လောလောလတ်လတ် ဝေဖန်စကားများ