You are currently browsing the tag archive for the ‘သတိရခြင်းအလျား’ tag.
ရွာနေတဲ့မိုးတွေမှာ
သူ့အငွေ့အသက်နဲ့။
သတိတရစိတ်က
အနောက်တောင်ဆီက ညို့ တက်လာတဲ့
ကျိန်စာ။
အိပ်မရတဲ့ညတွေမှာ
ဇာတ်ကြောင်းပြောသူ ကြယ်တွေနဲ့၊
အလွမ်းက
ဘယ်လိုမှ မေ့လို့မရနိုင်တဲ့
အကြောင်းအရာ။
သြော်…
ငါတို့အဖြစ်က ဆုတောင်းမပြည့်တဲ့ စေတီတော်ကို
အတူ ဖူးမြော်ခဲ့တာလား။
သူ့တစ်ယောက်
ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိတဲ့
တစ်ကမ္ဘာ၊
သစ္စာသာ
ငါ့ဘဝ ငါ့ခန္ဓာမှာ တည်ပါစေတော့။ ။
ဘုန်းနေသွန်း
၁၂-၉-၂၀၀၉
မင်းမရှိတဲ့နောက် ငါ့အိမ်ရှေ့က လမ်းကလေးမှာ နှင်းတွေတအားဝေတာာပဲ
သစ်ရွက်တွေကလည်း နှလုံးသားနဲ့မမျှအောင် တအားကြွေတာပဲ
အပြင်ကိုငေးနေမိတယ်
ငါတစ်ယောက်တည်း စကားတွေပြောနေမိတယ်
မင့်နာမည်ကို တဖွဖွရွတ်ဆိုနေမိတယ်
ဆန့်တန်းထားတဲ့ ငါ့လက်ကို မမြင်နိုင်လောက်အောင် မြူတွေဝေ့ဆိုင်းလို့
ခုန်နေတဲ့နှလုံးသားကို မမြင်နိုင်အောင် ဝေဒနာနဲ့ မှုန်မှိုင်းလို့
ရေသေပေမယ့် လှေကဝေဒနာနဲ့ ရွေ့နေတယ်
မမြင်ရခြင်း ကြိုးတစ်စ
ဝေဒနာနဲ့ လှမ်းလှမ်းဆွဲမိပြန်တယ်။ ။
ဘုန်းနေသွန်း
၅-၇-၀၉

လောလောလတ်လတ် ဝေဖန်စကားများ