You are currently browsing the tag archive for the ‘ဝဿန္တ’ tag.
အတွေးအခေါ်က မျက်လုံးတွေမှာလား
အမိုးမလုံ အကာမလုံ
လမ်းကလေးက မျက်ရည်နဲ့ စွတ်စိုနေ။
ရာသီက
စံပါယ်သံတွေ ခြောင်းခြောင်းထလို့။
နွယ်ရိပ်သစ်ရိပ်မှာ စိမ်းလန်းရမလား
နေသာချိန်အပြာဆီ
စိတ်ကူးစွန်ကလေး ခြေဦးတည့်ရာ
လွင့်နေ။
ရာသီက
စံပါယ်သံတွေ ခြောင်းခြောင်းထလို့။
သူ့ကိုလွမ်းတော့ ဘယ်ဆီပျံသန်းရမယ်
မိုးတိမ်
ရင်ခုန်သံတစ်ဖျောက်ဖျောက်မိုးပွင့်ကြွေ ၊
ဒီဘဝ ဒီမျှပဲ
ဖြတ်သွားဖြတ်လာ နှလုံးသားလေး နာဖျားခဲ့ပုံ။ ။
ဘုန်းနေသွန်း
Faces Magazine; 2006

လောလောလတ်လတ် ဝေဖန်စကားများ