You are currently browsing the tag archive for the ‘လွမ်းသူ’ tag.
လွမ်းလွန်းလို့
ပြာနေတဲ့ကောင်းကင်ကြီးကို မော့ကြည့်ပြီး
မသိစိတ်ကလေးနဲ့ လိုက်ပြာနေမိတယ်
ဘ၀မှာ အမြဲတမ်းနောက်ကျခဲ့တာတွေ
အချစ်ရေးမှာ ကံမကောင်းခဲ့တာတွေ
ဒါတွေဟာ ရေပွက်ပမာဆိုပေမယ့်
အဲဒီရေပွက်တွေထဲ
ဘ၀တစ်ခုလုံး ဆွဲနှစ်နေမိတယ်
ဒီလိုအချိန်
သူ့ဆီကို တယ်လီဖုန်းဆက်ရင် ကောင်းမလား
မတွေ့ရတဲ့နှစ်တွေမှာ
တံတိုင်းများစွာ ခြားနားနေခဲ့ပြီလား
လွမ်းလွန်းလို့ နံရံကို လက်သီးနဲ့ ထိုးမိတာ
လွမ်းလွန်းလို့
ဘယ်သူမှ မသိအောင်ကျိတ်မှိတ်နာကျင်ခဲ့တာတွေ
တစ်ချိန်က
နေရာအဟောင်းလေးမှာ ဝေနေတဲ့နှင်းတွေကိုပဲ
လက်နဲ့
သပ်သပ်ချနေမိတော့တယ်။ ။
ဘုန်းနေသွန်း
၂၉ – ၈- ၂၀၀၈
၂၀၀၈ ရဲ့ တစ်မနက်။ ကျွန်တော်လွမ်းလွန်းလို့ရေးခဲ့တာ။ ဘယိမဂဇင်းကိုမှ မပို့ခဲဘူး။

လောလောလတ်လတ် ဝေဖန်စကားများ