You are currently browsing the tag archive for the ‘လင်းဆက်နောင်’ tag.

် ဘယ်သူမှမရှိတဲ့ ခြောက်ကပ် တိတ်ဆိတ် အခန်းထဲ

ငါရှိနေတယ်

အသက်ရှုနေသေးလို့

ငါရှိတာကို သိတာပါကွာ ။

မုန်းတီး နာကျည် ပေမယ့် စွဲမက်နေဆဲ

တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်တွေလေ

နေ့စဉ်ရက်ဆက် ငါ့ကို ရက်စက်ခဲ့တာပေါ့

အခါးသီးဆုံး အချိန်ကာလတွေအတွက်

လိုအပ်ချက်ဟာ နူးညံ့ကြင်နာမှုအပြည့်နဲ့

ဘယ်သူမှမရှိတဲ့

ငါ့အခန်းလေးရဲ့အပြင်မှာ

အနီရောင်စိန်ပန်းတွေ ကြေကြေကွဲကွဲ ပွင့်ဝေ ။ ။

လင်းဆက်နောင်

ပန်းကလေးတွေ လန်းပွင့်နေပုံကအစ

စိတ်ကျစရာပဲ။

ဒီနေ့လား

မနက်ဖြန်လား

မင်းပြန်လာမှာလား

ငါ့နေရာမှာငါအံမ၀င်တော့ဘူး

ငါ့နေထိုင်မှုမှာငါမပျော်ရွှင်တော့ဘူး

ဆူညံခြင်းရဲ.တစ်ဖက်မှာ တိတ်ဆိတ်

ရင်ခုန်ခြင်းရဲ.တစ်ဖက်မှာ………

ဘာကိုမှလည်းမတွေးချင်တော့ပါဘူးကွယ်။

ငါ့အသံကိုငါမမှတ်မိတော့ဘူး

ငါ့နာမ်ကို ငါမထိန်းချုပ်တော့ဘူး

လှိုင်းတွေလိုနိမ့်ခြင်းမြင့်ခြင်း

ရှင်လျှက်နှင့်သေဆုံးခြင်းကို

မျက်ဝါးထင်ထင်

ကိုယ်တွေ.ဖြစ်ရပ်ဆန်းကြယ်

သတိရနေတယ်……..။ ။

လင်းဆက်နောင်

ဝင်ရောက်လာပုံ ညင်သာ

ချောက်ကမ်းပါးစွန်းမှာ ရပ်နေမိသလိုပါ။

တစ်ခုခုကိုလိုချင် ၊ တစ်ခုခုကိုစိုးရွံ့

မနက်ဖြန်တွင် မင်းရှိနေမှာလား။

အမြင်အာရုံတို့ရဲ့ မမြင်နိုင်ရာ

လေတိုးသံကလေး

မကြားနိုင်ပေမယ့် ခေါ်ကြည့်နေမိတယ်။

ရင်နာစရာဆိုတာထက်ရင်နင့်နေတဲ့ တိမ်ကလေး

ပွဲလမ်းသဘင်ပြီးသွားတဲ့အပြန်လမ်း

မှောင်နေတဲ့ကမ္ဘာ ပျောက်နေတဲ့အိမ်

ခေါ်ဆောင်သူမဲ့ ကြိုသူမဲ့ အနုပညာမဲ့

ဘာမှမရှိရှာတဲ့

ညခင်းလေးထဲ တိုးဝင် ပျောက်ကွယ်

တစ်ခုခုကို လွမ်းနေပါတယ်။ ။

လင်းဆက်နောင်

(ရုပ်ရှင်အမြုတေ မဂ္ဂဇင်း၊မတ်လ၊၂၀၀၉။)

ပြက္ခဒိန်

May 2012
S M T W T F S
« Feb    
 12345
6789101112
13141516171819
20212223242526
2728293031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 5 other followers

Follow

Get every new post delivered to your Inbox.