You are currently browsing the tag archive for the ‘မိဆိုး’ tag.
ကြယ်တွေကို
ငေးမောရင်း မင်းသတင်းလေးမေးမိတယ်
အိပ်မက်မှာ မင်းဆံနွယ်တွေ ရေလိုမျောလို့
သံသရာမှာ မင်းရယ်သံလေး ကမ်းလိုတင်လို့
မင်းဟာ
ဆယ်ကျော်သက်အရွယ် လရောင်
ဆံပင်ရှည်နဲ့ အလှဖွဲ့ကဗျာ
ဖွင့်ပြောဖို့ရာ
မင့်တောင်စွယ်မှာ ငါဟာနေကွယ်လို့
ငါ့အချစ်ကို သိမ်းထားတယ်
မင်းမသိအောင်
သစ္စာတရားကို ရင်မှာဓားလိုစိုက်ထားတယ်
မိဆိုး။ ။
ဘုန်းနေသွန်း
Idea Magazine ၊ ၂၀၀၉

လောလောလတ်လတ် ဝေဖန်စကားများ