You are currently browsing the tag archive for the ‘ပွဲတော်ည’ tag.
လွမ်းတဲ့စိတ်ကို
မီးပုံးလေးလို
ညီမလေးရဲ့ အိမ်ရှေ့ မှာ ချိတ်ဆွဲထားချင်တယ်
လေသင့်ရာ
တိမ်သားပြာပြာက ယိမ်းနွဲ့ လွင့်ပါလို့
ညမွှေးပန်းရနံ့ လေးက လရောင်မှာ ငြိလို့
ဖြစ်နိုင်ရင် နှလုံးသားကို
မီးလှေလေးလို အဝေးကို မျှောလိုက်ချင်တယ်
ဖြစ်နိုင်ရင်
ချစ်ခြင်းမေတ္တာကို ဆီမီးလို ထွန်းညှိပူဇော်ချင်တယ်
ဖြစ်နိုင်ရင်
သစ္စာတရားရဲ့ လက်ဖျံမှာ
မင့်နာမည်လေး ရေးထိုးထားချင်တယ်
ဖြစ်နိုင်ရင်…။ ။
ဘုန်းနေသွန်း
သီတင်းကျွတ်လပြည့်ည။

လောလောလတ်လတ် ဝေဖန်စကားများ