You are currently browsing the tag archive for the ‘ဇွန်’ tag.
လွမ်းဆွတ်နာကျည်းခြင်းက
အဖြေမရှိတဲ့
မိုးတိမ်တွေရဲ့ အနားသတ်မှာ။
သံလမ်းနှစ်ခုမဆုံနိုင်ခြင်းက
ငါတို့နှစ်ယောက်အဖြစ်အပျက်လား။
ဘ၀မှာ……
မပွင့်လိုက်ရလေတဲ့
ငါ့ရဲ့ရင်ဘတ်ထဲက နှင်းဆီရေ….
နှလုံးသွေးစို့နေတဲ့ဒဏ်ရာတွေမှာ
မိုးရေစက်တွေ စွတ်စိုနေတုန်းလား။
တစ်ချိန်က
တမ်းတစိတ်ဟာ နံရံတွေနဲ့
တစ်ခုသော
မိုးနေ့မှာ….။ ။
ဘုန်းနေသွန်း
၁.၇.၂၀၀၉

လောလောလတ်လတ် ဝေဖန်စကားများ