You are currently browsing the tag archive for the ‘ခင်ဇော်မြင့်’ tag.
ဘာမှအထူးအထွေမရှိဘူး
သူ့မျက်ဝန်းလေး သတိရမိရုံနဲ့
ကောင်းကင်ယံက ညို့တက်လာသောမိုးသားများကို ကြည့်ကာ
တစ်ပါးသူရေးဖွဲ့ခဲ့တဲ့ စာသားလေးလို
ပြိုမှာလေလားလို့
ပိုက်ထားတဲ့လက်ကလေးကို နေရာပြောင်းမိ
ဒီကိစ္စဟာ တအားနူးညံ့တယ်။ ။
ခင်ဇော်မြင့်
ဆရာခင်ဇော်မြင့်ရဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖတ်ခဲ့ရတဲ့ ကဗျာပါ။ မှတ်ဥာဏ်ထဲမှာ ကျန်နေသေးလို့ တင်လိုက်တာပါ။ ဖော်ပြခဲ့တဲ့ magazine နဲ့ ခုနှစ်ကတော့ မမှတ်မိတော့ပါဘူး။

လောလောလတ်လတ် ဝေဖန်စကားများ