You are currently browsing the category archive for the ‘ဖေဖော်ဝါရီ သံခိပ် ကဗျာစု’ category.

မင်းရှိနေတုန်းက

ကမ္ဘာဟာငါ့ဘက်ခြမ်းမှာ ပိုလှနေတယ်

လွှဖြူစိုလဲ့နေတဲ့အကြည့်တွေနဲ့

တဒေါက်ဒေါက်ခေါက်လိုခေါက်

အတွေးထဲကိုခဏခဏဖြတ်လျှောက်ဖူးတယ်

သံသယမဲ့စွာ

နှလုံးသားကွန်ချက်မှာအညံ့ခံဖို့

ငါဖွင့်ဖောက်ခဲ့မိပါတယ်

အတိတ်စိမ်းစိမ်းထဲ

ချစ်ခြင်းမေတ္တာတမြမြနဲ့

အိပ်မက်အိမ်လေးတည်ဆောက်

မင်းအဆင်းကို အလင်းတွေတိုက်ရင်

ဘယ်ဘက်ရင်တစ်ခုလုံးကြွေကျ

ရောဂါခပ်သိမ်းကင်းငြိမ်းလို့ပေါ့

အခုတော့

အလွမ်းပွင့်ထဲမှာ မင်းအရိပ်လေးကိုပွတ်သပ်

နေ့တိုင်းဟာတနင်္ဂနွေမဟုတ်ကြောင်း

စိတ်နဲ့ဆတ်ဆတ်ကြားဖူးပါပြီ

တင်းတင်းပြည့်ပြည့်ရူးသွပ်နေဖို့

မင်းရောငါရော

တကယ်တမ်းမအားကြရှာဘူး

တစ်ခါဆုပ်တစ်ခါစူး

တစ်ခါစားတစ်ခါရူးဖူးလို့

တဖွဖွဆုတောင်းလိုက်ပါတယ်

ဒီဖေဖော်ဝါရီကစ

နှလုံးသားများ အသေအပျောက်မရှိစေရ ။      ။

ကျော်ကျော်ထိုက်

(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)


ဒဏ္ဍာရီ

နှင်းဆီ

ကိန္နရာ၊ကိန္နရီ

ဒီ

နေ့

က

နောက်

ပြန်

ရေ

တွက်ကြည့်ရင်

ဟိုး…အဝေး

အဝေးမှာ ဆတ်ဆတ်ခါအောင် ပြာနေတဲ့နှင်းတွေ

အနမ်းနဲ့ အကွာအဝေးမည်၍မည်မျှ

အလွမ်းနဲ့ အကွာအဝေးမည်၍မည်မျှ

သူရဲကောင်းတွေကို

ဘယ်လိုဂုဏ်ပြုရမှန်းမသိတော့တဲ့အခါ

အချစ်ဟာ

ဖုန်မှုန့်လေးနောက်မှာ ကွယ်နေရတဲ့

ငှက်ပျောရွက်ဖါးဖါးကြီးတွေ။       ။

မင်းစိုးရာ

(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)

ဒီကဗျာနဲ့ပတ်သတ်ပြီး မင်းစိုးရာကို မေးကြည့်တော့ ခေါင်းစဉ်က ဟင်္သာတထွန်းရင်ရဲ့  သီချင်းတစ်ပိုင်းတစ်စလို့ သိရပါတယ်။


အစကပြန်မပြောချင်တော့ဘူး

ကော်ဖီကို ဇွန်းနဲ့မွှေလိုက်သလို

တယ်လီဖုန်းခေါ်သံကြားရင်

တစ်ခုခုကိုသတိရနေတော့တယ်

ဘာမှမဟုတ်တော့ဘူး ဆိုတာကိုက

ဟုတ်ပါသေးတယ်

စေတီတော်ခြေရင်းပြန်ရောက်သောအခါ

ဒူးတုတ်ပြီးထိုင်ချလိုက်တယ်

အိပ်မက်တွေလိုရာမရောက်ခဲ့. . .

မျက်စေ့နာနေသလို စိတ်ကဆင်းရဲ…

ပန်းကလည်းတစ်ကုံးစာမပြည့်နဲ့ . . .

ဒဏ်ရာနဲ့ဆတူရောထားတဲ့

ဆုတောင်းသံတိုးလျလျ

လက်ရေးမူအတိုင်း

စိတ်ချလက်ချထားခဲ့ပြီး

လမ်းကြုံလို့လိုက်သွားတယ်မှတ်တယ် ။    ။

သူရနီ

(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)

tragedy-(အလွန်ကြေကွဲဖွယ်ရာ အဖြစ်အပျက်)


မေ့လျော့ထားလိုက်တာပါလို့ စိတ်ကိုတင်းထားမိတယ်

ယုံကြည်ချက်သာ အသက်လိုရှေ့ဆက်ရှင်ရှေ့ဆက်နေမယ်ဆို

ချစ်ခြင်းမေတ္တာကလွဲရင်

တခြားဘာကိုမှ မခံစားတက်သလိုမျိုးပေါ့

ရည်ရွယ်၊မျှော်လင့်၊ရွေးချယ်ခဲ့သောလမ်း

မတော်တဆ၊အမှတ်မထင်၊အလွယ်တကူဆိုတာ

ဒီကောင့်မာတိကာမှာ ဘယ်အခါမှ ရှိလာမှာမဟုတ်ဘူးလေ

“  ငါအရမ်းချစ်တာ မင်းယုံကြည်ရဲ့လား ”

သံသရာအဆက်ဆက် ၊ ပိတ်ဆို့ခြင်းအထပ်ထပ်

ဓါးသွားထက် ပြတ်ရှလွယ်သော မေးခွန်းတွေ

မင်းသာ ကျော်ဖြတ်ရဲခဲ့ရင်…

ဒီဘဝ၊ ဒီကမ္ဘာ ၊ ဒီချစ်ခြင်းမေတ္တာ

တစ်နေ့မင်းယုံကြည်လာမှာ သေချာပါတယ်

လေထဲ ပျံ့နှံ့သွားသလို ၊ ရေထဲပျော်ဝင်သွားသလို

မင်းဘဝလေးထဲ ငါစိမ့်ဝင်သွားနိုင်ရင်ကောင်းမယ်

အနမ်းတွေက ပူလောင်လွန်းတယ်လို့ မငြင်းလိုက်ပါနဲ့အချစ်ရယ်

ဘဝနောက် အရိပ်လိုတောက်လျှောက်လိုက်နေတဲ့ ခြေလှမ်းတွေ

နားလည်မှုဟာ စိတ်ကိုအေးမြစေသော အစိမ်းရောင်

ဒီမီးမှမလောင်ရင် ငါ ဘာကိုမှမကျွမ်းတော့ဘူး။     ။

အောင်ပိုင်စိုး

(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)

ရင္ထဲမွာ ကမ ၻာပ်က္မတတ္အခ်စ္နဲ ့
အျပင္မွာ အခ်စ္ပ်က္ေနတဲ့ကမ ၻာနဲ ့
နေ့ ရှိသရွေ့ 
သူ့ အချစ်ကိုစောင့်မျှော်နေတာ
အိပ်မရတဲ့ညတွေမှာ
ဝေဒနာဟာ မီးလိုလောင်လို့ 
အချစ်ဟာ အငိုလွယ်သလောက် အရှိုက်ခက်လို့ 
သူသိအောင်
ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားတယ်
အနီးဆုံးသွေးမှာ အဝေးဆုံးချစ်ခဲ့တယ်
တစ်ဘ၀လုံးစာ
အချစ်ကို သိမ်းဆည်းလျှို့ ဝှက်ခဲ့ပါတယ်။

ဘုန်းနေသွန်း

ပြက္ခဒိန်

May 2012
S M T W T F S
« Feb    
 12345
6789101112
13141516171819
20212223242526
2728293031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 5 other followers

Follow

Get every new post delivered to your Inbox.